Local News

နှမ်းမျိုးစုံ အရောင်းအဝယ်အေး ဈေးကျနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်၌ ပဲနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇွန်လဒုတိယပတ်တွင် နှမ်းနက်(စမုန်)မှာအသစ်များဝင်ရောက်မှုရှိကာ နှမ်းမျိုးစုံမှာ အရောင်းအဝယ်အေးဈေးအေးနေ ကြောင်းသိရသည်။

နှမ်းနက်(စမုန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၇၂၀၀၀၀မှ ၇၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၈၀၀၀၀မှ ၇၅၀၀၀၀၊ ယခင်လ ကျပ် ၇၈၀၀၀၀ မှ ၈၀၀၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၄၀၀၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၄၅၀၀၀မှ ၆၀၀၀၀ ခန့်ဈေးနိမ့်လာသည်။

နှမ်းဖြူ(ဗမာ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၃၅၀၀၀မှ ၃၄၅၀၀၀ ၊ ယခင်လထက် ကျပ် ၃၄၅၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လ ကျပ် ၃၅၅၀၀၀မှ ၃၆၀၀၀၀ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ဈေးနိမ့်လာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၈၀၀၀၀မှ၃၉၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀၀ မှ ၃၉၅၀၀၀၊ ယခင်လ ကျပ် ၄၀၅၀၀၀မှ ၄၁၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက် ကျပ် ၁၃၀၀၀ မှ ၂၅၀၀၀ ဈေးနိမ့်လာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် အနိမ့်စ ကျပ် ၁၀၀၀၀ခန့်ဈေးနိမ့်လာပြီး၊  ယခင်လထက် ကျပ် ၁၀၀၀၀ ခန့်ဈေးမြင့်လာသည်။

ပန်းနှမ်း ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၂၀၀၀ မှ ၂၈၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀၊ ယခလ ကျပ် ၂၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ယခယင်လထက် ကျပ် ၂၇၀၀၀ မှ ၂၈၀၀၀ ဈေးနိမ့်လာသည်။

Category: Local News